Blogger Widgets Blogger Widgets

Friday, June 17, 2016

Lesson - 1 - Family




      Collocation ဆိုတာ မိတ်ဖက်တွဲလုံးပါ။ Collocations မိတ်ဖက်တွဲလုံးတွေ သိထားမယ် ရမယ်ဆိုရင် အင်္ဂလိပ်စာ အရေးသားပိုင်းရော အပြောပိုင်းမှာပါ အင်္ဂလိပ်တွေ ရေးသလို ပြောသလို ရေးနိုင် ပြောနိုင်လာမှာ ဖြစ်ပါတယ်။ ဒီမိတ်ဖက်စကားတွေရထားခြင်းအားဖြင့် အရေး အပြောတွေမှာ ဝေေ၀ဆာဆာ လှလှပပ သွက်သွက်လက်လက် ပြောနိုင် ရေးနိုင်ပြီးတော့ ကိုယ်ပြောတဲ့ ရေးတဲ့ အင်္ဂလိပ်စာတွေဟာ သဘာဝလည်းကျတဲ့ အရေးအသား အပြောအဆိုတွေဖြစ်လာမှာပါ။ ဒါကြောင့်မို Collocations မိတ်ဖက်တွဲလုံးတွေကို လေ့လာထားစေချင်ပါတယ်။ မိတ်ဖက်တွဲလုံးတွေကို လေ့လာလို့ ရအောင် ဆရာမ Shayna Oliveira ရေးသားပို့ချတဲ့ 1000 collocations in 10 minutes a day ကို Learning English Collocations မှ ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ယခုထိ လေ့လာသင်ယူနေဆဲပါ။ ကိုယ်ရသလို အခြား အင်္ဂလိပ်စာလေ့လာနေသူတွေလည်း ရစေချင်တဲ့ ဆန္ဒတစ်ခုတည်းပါ။ ဆရာလုပ်လို၍ မဟုတ်ကြောင်း ၀န်ခံ     စကားပြောပါရစေ………

ပထမဦးဆုံး Lesson 1 အနေနဲ့ Family နဲ့ ပက်သတ်ပြီး အများစုဖော်ပြတဲ့ Collocations မိတ်ဖက်တွဲလုံးစကားလုံးတွေကို လေ့လာကြရအောင်ပါ။

Your parents and siblings (brothers and sisters) are your immediate family – and your extended family includes all your relatives – uncles, cousins, great-aunts, etc.

ခင်များရဲ့ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေဟာ ခင်များရဲ့ immediate family ဖြစ်ပါတယ်။ ပြီးတော့ ခင်များရဲ့ extended family ဆိုတာ ခင်များရဲ့ ဆွေမျိုးတွေဖြစ်တဲ့ ဦးလေးတို့၊ ၀မ်းကွဲညီအစ်ကို မောင်နှစ်မတို့၊ ကြီးကြီးဒေါ်ဒေါ်တို့ ပါဝင်တဲ့ မိသားစု ဖြစ်ပါတယ်။

You can use a family tree to diagram the relationships among your family members.

ခင်များရဲ့ family members မိသားစုဝင်များကြား ဆွေးမျိုးဆက်တွေကို ရေးဆွဲပုံဖော်ဖို့ ဆွေးမျိုးဆက် ဇယား family tree ကို အသုံးပြုနိုင်ပါတယ်။

A person who is related to you by a long series of connections can be called a distant relative.

ဆွေးစဉ်မျိုးဆက်တစ်လျောက် ခင်းများနဲ့ ဆွေမျိုးတော်စပ်လာတဲ့သူကို distant relative လို့ ခေါ်နိုင်ပါတယ်။

If you’re lucky, you have a loving family or a close-knit family – these expressions refer to a family that has good relationships, where everyone loves each other and helps each other.

ခင်များကံကောင်းတယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့မိသားစု loving family ဒါမှမဟုတ် စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်တဲ့ မိသားစု close-knit family ခင်များမှာ ရတာ တဲ့။ loving family, close-knit family ဆိုတဲ့ ဖော်ပြချက်တွေဟာ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင် ကူကူညီညီ ရှိတဲ့ ဆံဆက်ကောင်းမွန်တဲ့ မိသားစုကို ရည်ညွှန်းတာပါ။

If you were raised in a loving family, then you probably had a carefree childhood – that means you had nothing to worry about when you were young.

ချစ်ခင်စရာကောင်းတဲ့မိသားစုမှာ ခင်များ ကြီးပြင်းခဲ့တယ်ဆိုရင်တော့ ခင်များမှာ အပူအပင်းကင်းတဲ့ ကလေးဘ၀ carefree childhood ကို ရခဲ့တာပေါ့။ ဆိုလိုတာက ခင်များငယ်စဉ်တောင်ကျေး ကလေးဘ၀တုန်းက ပူပင်စရာဆိုလို့ ဘာမှကို မရှိခဲ့ဘူးလို့ ပြောတာပါ။

On the other hand, a family in which the relationships are bad or unhealthy can be called a dysfunctional family.

ဒါပေမယ့် ဆက်ဆံရေးတွေ စိုစိုပြေပြေမရှိ၊ ဆိုးဆိုးဝါးဝါးဖရိုဖရဲဖြစ်နေတဲ့မိသားစုကို ဖရိုဖရဲပြိုကွဲနေတဲ့ မိသားစု dysfunctional family လို့ ခေါ်နိုင်ပါတယ်။

If the children experience abuse, poverty, or problems with the law, we can say
they had a troubled childhood.

ကလေးငယ်တွေ ညှင်းပန်းနှိပ်စက်မှု ဆင်းရဲမွဲတေမှု ပြဿနာများ ဥပဒနှင့် ကြုံတွေ့ခံစားရတယ် ဆိုရင်  ပြဿနာများတဲ့ကလေးဘ၀ troubled childhood ကို သူတို့ ရခဲ့တာလို့ ပြောနိုင်ပါတယ်။

Perhaps the parents went through a bitter divorce – that means a separation in which there were bad/angry feelings between the husband and wife.

မိဘတွေ ခါးခါးသီးသီး အိမ်ထောင်ရေး တရားဝင်ကွာရှင်းမှုတွေ bitter divorce လုပ်ခဲ့တာ ဖြစ်ကောင်းဖြစ်မှာပါပဲ။ ဆိုလိုတာက ဇနီးသည်နှင့်ယောင်္ကျားအကြား ဒေါသစိတ်တွေ၊ အဆင်မပြေတဲ့ ခံစားချက်တွေ ရှိလာတာကြောင့် ကွာရှင်းလိုက်တဲ့ ကွာရှင်းမှုပေါ့။

It’s also possible to have a messy divorce, with a prolonged legal battle involving lots of conflicts about the separation of the former couple’s assets (money and possessions).

အိမ်ထောင်ဟောင်းရဲ ပိုင်ဆိုင်မှုများ (ငွေရေးကြေးရေးနှင့် ပစ္စည်းပစ္စယများ) ခွဲရေး ချမ်းရေးနှင့် ပက်သတ်တဲ့ ပဋိပက္ခတွေများတဲ့ ရှည်လျှားတဲ့ တရားဝင် ရင်ဆိုင်မှုနှင့်အတူ ရှုပ်ထွေးတဲ့ ဇာတ်ရှုပ်တဲ့ အိမ်ထောင်ရေးကွာရှင်းမှု messy divorce လည်း ရှိနိုင်ပါတယ်။

The decisions about the separation of assets are made in the divorce settlement.

ပိုင်ဆိုင်မှုများ ခွဲရေး ချမ်းရေးနှင့် ပက်သတ်တဲ့ ဆုံးဖြတ်ချက်ကိုတော့ တရားဝင်ကွာရှင်းမှု တရားဝင်ပေး အပ်ရသည့် ဥစ္စာကြေးငွေရေးရာ divorce settlement မှာ ပြုလုပ်ရပါတယ်။

A family in which there are divorces or separations is sometimes called a broken home.

တရားဝင်အိမ်ထောင်ရေးကွားရှင်မှုတွေ၊ ပျက်စဲမှုတွေ ရှိတဲ့ မိသားစုကို ပြိုကွဲနေတဲ့ မိသားစု ပြိုကွဲနေတဲ့ အိမ် broken home လို့ ခေါ်ပါတယ်။

Sometimes the mother and father fight over custody of the children – that refers to who has the primary responsibility of caring for the kids.

တစ်ခါတရံမှာတော့ အဖေဖြစ်တဲ့သူနဲ့ အမေဖြစ်တဲ့သူတို့ဟာ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက် မှု custody of the children အပေါ် စကားများကြပါတယ်။ ကလေးငယ်တွေကို ဂရုစိုက်မှုအတွက် အဓိကတာဝန်ရှိတဲ့သူကို ရည်ညွှန်းတာပါ။

A judge can grant joint custody – that means the ex-husband and ex-wife share the responsibility – or sole custody to only one parent.

တရားသူကြီးက နှစ်ဦးအတူ ညီတူ မျှတ စောင့်ရှောက်ခွင့် ပေးနိုင်ပါတယ်။ ဆိုလိုတာက မိခင်ဟောင်းနှင့် ယောင်္ကျားဟောင်းတို့ဟာ တာဝန်ကို မျှယူကြတာပါ။ ဒါမှမဟုတ် မိဘ တစ်ဦးတည်းကိုပဲ တစ်ဦးတည်း ထိန်းသိမ်းစောက်ရှောက်ခွင့် sole custody ပေးနိုင်ပါတယ်။

For example, a judge might award sole custody to the mother, and the father has to pay child support – regular payments to help with expenses for the kids.

ဥပမာအနေနဲ့ကတော့ တရားသူကြီးက မိခင်ကို တစ်ဦးတည်း ထိန်းသိမ်းစောင့်ရှောက်ခွင့် ပေးလိုက်တယ် award sole custody ဆိုပါတော့ ဖခင်ဖြစ်သူက ကလေးအတွက် ထောက်ပံ့ကြေးငွေ ပေးရ pay child support မှာပါ။ ကလေးတွေအတွက် အသုံးစရိတ် ချောင်လည်စေဖို့ ပုံမှန်ထောက်ပံ့ပေးမှုပေါ့။

If it was a mutual divorce/separation – that means the ex-husband and ex-wife agreed to separate without fighting – then they will probably stay on good terms with each other (meaning to have a polite relationship without conflicts).

နှစ်ဦးသဘောတူ တရားဝင်အိမ်ထောင်ကွားရှင်းတာ ပျက်စဲတယ် mutual divorce/ separation ဆိုတာ ယောင်္ကျားဟောင်းနှင့် ဇနီးဟောင်းတို့ဟာ စကားမများ ရန်မဖြစ်ဘဲ သဘောတူ ကွာရှင်းတာပါ။ အဲဒီလိုဆိုရင်တော့ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး ကောင်းမွန်ပြေပြစ်စွာ on good terms with each other နေထိုင်ကြမှာပါ။ (ပဋိပက္ခတွေမဖြစ်တော့ဘဲ ယဉ်ကျေးသိမ်မွေ့တဲ့ ဆက်ဆံရေး ရှိတာကို ဆိုလိုခြင်းပါ)

If a woman gets pregnant without being married or in a relationship, then she will become a single mother.

မိန်းမသားတစ်ယောက် အိမ်ထောင်မပြုဘဲ ဒါမှမဟုတ် ချစ်တုန်းကြိုက်တုန်း သံယောဇဉ်တွယ်နေချိန်မှာ ကိုယ်ဝန်ရတယ် gets pregnant ဆိုရင် အဲဒီ မိန်းမသားဟာ အိမ်ထောင်မပြုဘဲ ကလေးရတဲ့ မိခင် single mother ဖြစ်လာမှာပါ။

Some women in this situation choose to have an abortion, and others prefer to give the baby up for adoption.

ဒီလိုမျိုး အခြေအနေရောက်လာရင် တစ်ချို့ မိန်းမသားတွေကြတော့ ကိုယ်ဝန်ဖျက် have an abortion ဖို့ရွေးကြတယ်။ တစ်ချို့မိန်းမသားတွေကြတော့ ကလေးကို အပြီးအပိုင် မွေးစား give the baby up for adoption ဖို့ ပေးလိုက်ကြတယ်။

The time when the baby is planned to arrive is called the due date – you can also say
the baby is due in mid-October, for example.

ကလေးငယ် မွေးဖွားလာဖို့ စီစဉ်ချိန်ဆထားတဲ့ အချိန်ကို ဖွားရက် မွေးဖွားရက် due date လို့ ခေါ်ပါတယ်။ ကလေးငယ် အောက်တိုဘာလလယ်မှာ ဖွားမယ်လို့ ဥပမာအနေနဲ့ပြောနိုင်ပါတယ်။

After the woman has the baby (or gives birth to the baby), the baby is given to the adoptive parents, who will raise the child or bring up the child as if it was their own.

အမျိုးသမိး ကလေးဖွား has the baby (or gives birth to the baby) ပြီးတဲ့နောက်မှာ ကလေးငယ်ကို မွေးစားမိဘတွေဆီ ပေးလိုက်ပါတယ်။ မွေးစား မိဘတွေက adoptive parents ကလေးငယ်ကို သူတို့ရဲ့ သား သမီးအရင်းသဖွယ် ကျွေးမွေး ပြုစု ကြည့်ရှု ပျိုးထောင် raise the child or bring up the baby ကြမှာပါ။

Sometimes, when the adopted child is older, he or she tries to find their birth mother (biological mother).

တစ်ခါတရံမှာတော့ မွေးစားကလေး adopted child အသက်ကြီးလာတဲ့အခါ ယောင်္ကျားပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သူတို့ရဲ့ မွေးမိခင် birth mother ကို တွေ့ဖို့ကြိုးပမ်းကြတယ်။

အထက်ပါ ဥပမာဝါကျတွေနဲ့ မိတ်ဖက်တွဲလုံး collocations တွေကို အသေအချာလေ့လာပါ။
ပြီးတဲ့အခါ နောက်ဆုံးမှာပေးထားတဲ့ ၀ါကျတွေထဲက မှန်ကန်တဲ့ တွဲလုံးတွေ တွဲပေးပါ။
အင်္ဂလိပ်စာလေ့လာနေသူများ အားလုံး collocations များ များများလေ့လာ မှတ်သားနိုင်ကြပါစေ။ 
အင်္ဂလိပ်စာကိုလည်း ဝေေ၀ဆာဆာလှလှပပ ရေးသား ပြောဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီတစ်ပတ် ဒီလောက်နဲ့ပဲ နားပါရစေ။
Happy studying!
ပျော်ရွှင်စွာ လေ့လာနိုင်ပါစေ
Learning English Collocations
၂၄၊ ၄၊ ၂၀၁၆။


Collo List
immediate family = (မိဘ၊ ညီအစ်ကိုမောင်နှစ်မများပါဝင်သော) မိသားစု
extended family = (၀မ်းကွဲ ညီအစ်ကိုမောင်နှစ်မ၊ ဦးလေး၊ ကြီးတော်တို့ ပါဝင်သော) မိသားစု
family tree = ဆွေမျိုးဆက်ဇယား
family members = မိသားစုဝင်များ
distant relative = (နှစ်ဝမ်းကွဲ၊ သုံးဝမ်းကွဲ စသည် တော်စပ်သည့်) ဆွေမျိုး
loving family = ချစ်စရာကောင်းသော မိသားစု
close-knit family = စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်တဲ့ မိသားစု
carefree childhood = အပူအပင်ကင်းသော ကလေးဘဝ
dysfunctional family = ဖရိုဖရဲဖြစ်နေသော မိသားစု
troubled childhood = ပြဿနာများတဲ့ ကလေးဘဝ
bitter divorce = ခါးသီးသော အိမ်ထောင်ရေးကွာရှင်းမှု
messy divorce = ရှုပ်ထွေးသော၊ ဇာတ်ရှုပ်သော အိမ်ထောင်ရေးကွာရှင်းမှု
divorce settlement = (အိမ်ထောင်ကွာရှင်းမှုတွင် တရားဝင်ပေးအပ်သည့်၊ ပေးအပ်ရသည့်) ဥစ္စာကြေးငွေ
broken home = ပြိုကွဲနေသော အိမ်
custody of the children = ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်
grant joint custody = မျှတူ ထိန်းသိမ်းစောင့်ရှောက်ခွင့်
sole custody = တစ်ဦးတည်း ထိန်းသိမ်းစောင့်ရှောက်ခွင့်
award sole custody = တစ်ဦးတည်း ထိန်းသိမ်းစောင့်ရှောက်ခွင့် ပေးအပ်သည်
pay child support = ကလေး အတွက် ထောက်ပံ့ကျေးငွေ ပေးသည်
mutual divorce / separation = နှစ်ဦးသဘောတူ ကွဲကွာခြင်း
on good terms with each other = တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကောင်းစွာ/ ပြေပြစ်စွာ
get pregnant = ကိုယ်ဝန်ရသည်
single mother = အိမ်ထောင်မပြုဘဲ ကလေးရသည့် မိခင်
have an abortion = ကိုယ်ဝန်ဖျက်သည်
give the baby up for adoption = ကလေးကို အပြီးအပိုင်မွေးစားဖို့ ပေးသည်
due date = ဖွား၊ မွေးရက်
The baby is due in mid-October. အောက်တိုဘာ လလယ်မှာ ကလေးမွေးမည်။
has the baby / gives birth to the baby = ကလေးမွေးသည်
adoptive parents = မွေးစား မိဘ
raise the child / bring up the child = ကလေးကို ကျွေးမွေး ပြုစု ကြည့်ရှု့စောင့်ရှောက် ထိန်းသိမ်းသည်
adopted child = မွေးစားသား၊ သမီး
birth mother / biological mother = မွေးမိခင်
Lesson 1 – Quiz
Choose the best word to complete each sentence:
Type your answer in the comment box.
1. A friend of mine gave / took / went birth to her son at home with the help of a nurse.
2. A number of the kids in my classroom come from broken / damaged / hurt homes.
3. After a hostile / cruel / bitter divorce from his wife of 20 years, the actor married a woman young enough to be his daughter.                                                              
4. I see my excepted / expanded / extended family once a year, during our annual family vacation.
5. I was raised in a very joyful / loving / tender family, in which everyone helped each other.
6. I was created / grown / raised by my grandparents after my parents passed away.
7. I'm on good friends / relations / terms with all my former boyfriends.
8. John had a carefree / careful / careless childhood, growing up with happily married parents and three brothers.
9. Many women regret giving / having / taking an abortion years afterwards.
10. My aunt's going through a messy / sloppy / untidy divorce; she's paying a fortune in legal fees.
11. My husband doesn't get along with a few of my family people / individuals / members.
12. Although my salary is low, I get child assistance / provision / support from my ex-husband.
13. My sister got / had / made pregnant immediately after she got married.
14. My son is making a diagram of our family roots / tree / web for a school project.
15. My wife is pregnant with twins. They're come / due / here in February.
16. Sally was granted sole custody / guardian / keeping of the children from her first marriage.
17. Teenagers who had a distressed / troubled / worsened childhood often have behavior problems in school.

18. The celebrity wrote a book about his debilitated / defective / dysfunctional family.
19. The divorce contract / reimbursement / settlement awarded the wife $500,000.
20. There are four people in my close / immediate / neighboring family.
21. They have three biological children and two adopted / adoptive / adopting children.

No comments:

Post a Comment